အောင်လံ ဒီဇင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက်အတွင်းရှိ ကိုဗစ်ကာလတွင် အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု(၁၉၁)စုအား မြို့မ JK အပေါင်ဆိုင်မိသားစုမှ သမီးလေး မသွန်းနေခြည်ထွန်း(ခ) ရှင်းရှင်း၏ မွေးနေ့အလှူအဖြစ် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဒီဇင်ဘာ ၂ရက်က  ဝေငှပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆန်များထောက်ပံ့လှူဒါန်းခြင်းကို ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ မေတ္တာရေစင်အောက်ဆီဂျင် ပရဟိတလူငယ်များ အသင်းမှ ဦးဆောင်၍ ဝေငှပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)