ရမည်းသင်း ဒီဇင်ဘာ-၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် သင်ပန်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသည့် ရမည်းသင်းမြို့နယ်၌ မိုးစပါး(၀.၁၀)စံကွက်ရိတ်သိမ်းရာ၌ တစ်ဧကပျမ်းမျှ ၁၃၈ တင်ထွက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဝမ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သင်ပန်းကုန်းကျေးရွာရှိ မျိုးစပါးထုတ်လုပ် စိုက်ပျိုးထားသည့် တောင်သူ ဒေါ်ခိုင်မာဝင်း၏ မိုးစပါးစံပြကွက် မနောသုခ(၆.၁၃)ဧက စိုက်ခင်းတွင် (၀.၁၀)ဧကကို စံကွက်ရိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကြည်ရှုအားပေးခဲ့ကြပြီး စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက မနှော်သုခစပါး (၁၃၈) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် သင်ပန်းကုန်းအုပ်စုရှိ မိုးစပါးစိုက်ပျိုးထားသည့် ဧကစုစုပေါင်း ၁၁၇၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦဝင်းချိုထံမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)