တိုက်ကြီး  ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ဗောဓိကုန်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်နေမှုများကို ဒီဇင်ဘာ ၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန  ဦးစီးမှူး ဦးနိုင်ဦး ဉီးဆောင်သော အဖွဲ့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား  အသက်ကယ်ကြိုးချည်နည်းနှင့် ပတ်သက်၍ အခြေခံ ကြိုးချည်နည်း၊ ဆင့်ပွားကြိုးချည်နည်းများကို ကြိုတင်သရုပ်ပြ လေ့ကျင့်သင်ကြားပြသပေးခြင်း၊ တပ်ဖွဲ့ဝင်များ ၏  အသက်ကယ်ကြိုးချည်နည်းနှင့် ပတ်သက်၍ တတ်ကျွမ်းမှုဆန်းစစ်ပြိုင်ပွဲများ ပြုလုပ်ကာ ဆုရရှိသူများကို ဉီးစီးမှူး ဉီးနိုင်ဉီးနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)