ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးတို့က မြစိမ်းရောင်ကျေးရွာရန်ပုံငွေ သိန်း ၃၀၀ အား လွှဲပြောင်းပေးအပ်ခဲ့ရာ လဲဇင်ကျေးရွာ အုပ်စု၊ သပြေစမ်းကျေးရွာ မြစိမ်းရောင်ကျေးရွာကော်မတီဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။
အဆိုပါမြစိမ်းရောင်ကျေးရွာ ရန်ပုံငွေရရှိခဲ့သည့် ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် အိမ်ခြေ(၁၁၇)၊ အိမ်ထောင်စု (၁၂၅)စု၊ လူဦးရေ (၆၆၆)ဦးရှိပြီး ချေးငွေချေးမည့်သူ (၁၀၅)ဦးအတွက် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)