ရွှေပြည်သာ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS)မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေပေးခြင်းကို နိုဝင်ဘာ ၅ ရက်မှစတင်၍ ယနေ့အထိ ရပ်ကွက်၊ ကျေးရွာများရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်(၂၅)ပြည်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆန်ဖြန့်ဝေပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမှတ်(၁၅) ရပ်ကွက်တွင် စုရပ်တစ်ခုလျှင် ဆန်အိတ်(၇၁၂)အိတ် နှုန်းဖြင့် စုရပ်(၅)ခုအတွက် ဆန်အိတ်(၃၅၆၀)အိတ်ကို ညနေပိုင်းအချိန်ထိ လက်လုပ်လက်စား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန်ဝေပေးသွားမည် ဖြစ်သည်။
ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ ပေါင်း(၂၇)ခုရှိရာ (၂၃)ခုတွင် ဆန်များဖြန့် ဝေပေးခဲ့ပြီး (၄)ခုသာ ဖြန့်ဝေရန်ကျန်ရှိနေပြီး အဆိုပါနေရာများသို့ အလှည့်ကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)