ငပုတော   ဒီဇင်ဘာ   ၃

 

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယား ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ  ၃ ရက် နံနက် ၁၀နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးကျော်သူ က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိန်သန်းက ယူရီးယားဓာတ်မြေသြဇာ အိတ်များ ဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ယူရီးယားဓါတ်မြေသြဇာအိတ်များ     ဖြန့်ဖြူးပေးအပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာစန်ရှိသူများ၊ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူစုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး နွေစပါးစိုက်ဧက (  ၇၆၀၇  ) ဧကအတွက် ယူရီးယားဓါက်မြေသြဇာအိတ် ( ၂၆၇ ) အိတ်ကို တောင်သူ ( ၉၁၄ ) ဦးအားပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့နယ် ( ပြန်/ ဆက်)