နေပြည်တော် ဒီဇင်ဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၂ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ပုဇွန်ဆိပ်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း မရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ပုဇွန်ဆိပ်ကျေးရွာရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၂ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၄ ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ၁၀ စောင်တို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)