ပခုက္ကူ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅) ချည်မျှင်နှင့်အထည်စက်ရုံမှ ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် နိုင်ငံသား စိစစ်ရေးကတ်များကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီမှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး) ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ ဒုတိယလဝကမှူး ဒေါ်ခင်ဖြူနိုင်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ် ၁၇၉ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ခုနစ်ခုတို့ကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာနေ ပြည်သူများအတွက် နိုဝင်ဘာ ၂၇ ရက် တွင် နိုင်ငံသား စိစစ်ရေးကတ် ၃၅ ကတ်အား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူမြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းထံမှ သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)