ပြည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစားလအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းလေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မျက်နှာစာကွင်းပြင်၌ ကျင်းပခဲ့သည်။
ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းပြများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်ပြီး အားကစားတေးသီချင်းများဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းလေ့ကျင့့်ကြသည်။
ပြည်မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှုများကို ဒီဇင်ဘာလူထု အားကစားလအတွင်း အပတ်စဉ် သောကြာနေ့ နံနက်တိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)