ရေနံချောင်း ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ သီတင်းသုံးတော်မူသော နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီက ရွှေတောင်ပါဠိတက္ကသိုလ် ကျောင်းတိုက်နှင့် ရွှေစေတီဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးရာတွင် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများဖြစ် သည့် ရွှေတောင်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘန၊ ဆရာတော် ဘဒ္ဒန္တတေဇနိယ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးရေဝတ အပါအဝင် ဆရာတော် သံဃာတော် ၇၁ ပါး၊ ရွှေစေတီကျောင်းထိုင် ဆရာတော် ဦးဇဋိလနှင့် ဆရာတော် သံဃာတော် အပါး ၂၀ စုစုပေါင်း ဆရာတော် သံဃာတော် ၉၁ ပါးနှင့် လူပုဂ္ဂိုလ် လေးဦးတို့အား ထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်သူရနှင့် ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)