လောင်းလုံး   ဒီဇင်ဘာ   ၃

 

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့သည် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်ခန်းမတွင် ကျင်းပသော ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နိုင်ငံသား စိစစ်ရေးကတ် ၂၈၇ ခုအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်သည်။

 

 

အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်လဝကမှူး ဒေါ်သီတာအောင်၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

သိန်းသိန်း(လောင်းလုံး)