ကျုံပျော်   ဒီဇင်ဘာ   

 

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကျုံပျော်မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ‌ အခြေခံမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့ နံနက်  နာရီက ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများသည် ကျေးလက်ဒေသများတွင် ကျွမ်းကျင်လုပ် သားရှားပါးမှုကို အထောက်အကူပြု ဖြည်းဆည်းနိုင်စေရန် ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

 

ထိုနောက် သင်တန်းတွင် သင်ကြားပေးမည့် သင်တန်းနည်းပြဆရာများက အခြေခံမော်တော်ဆိုင်ကယ်ပြင်ဆင် နည်းလမ်းများကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် စနစ်တကျ သင်ကြားပို့ချပေးကြပါသည်။

 

အဆိုပါ သင်တန်းကို ကျုံပျော်မြို့နယ်အတွင်းရှိ ‌ ငါးပုတ်ရွှေ၊ ပိတောက်ကုန်း၊ ကျုံမရမ်း၊ မြို့တွင်း၊ အင်းဖျားနှင့် ကျုံဟိုင်းကျေးရွာ ခြောက်ရွာမှ သင်တန်းသား(၂၀) တို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၀)ရက်ကြာ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

စိုးမိုးကျော်