ကော့သောင်း   ဒီဇင်ဘာ  

 

ရပ်ကွက်ပြည်သူ မိသားစုများနှင့် အခြေခံလူတန်းစား လက်လုပ်လက်စားများ အဆင်ပြေစေရေးအတွက် ကော့သောင်းမြို့ရှိ ရွှေအဏ္ဏဝါပရဟိတအဖွဲ့က တန်ဖိုးနည်းဇလုံထမင်းနှင့် ဟင်းလျာအား ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ အများပြည်သူ နားနေဆောင်တွင် ရောင်းချပေးခဲ့သည်။

 

ထိုသို့ရောင်းချရာတွင် လူမျိုးဘာသာမရွေး စားသုံးနိုင်သည့် ကြက်သားဟင်း၊ ထမင်း၊ ပဲဟင်းချို၊ ငပိရည် တို့စရာ အပါအဝင် ဇလုံထမင်းတစ်ပွဲလျှင် ငွေကျပ် ၅၀၀ ဖြင့် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ ရောင်းချ ပေးခြင်းဖြစ်ရာ လမ်းသွားလမ်းလာများ၊ ဆိုင်ကယ်ကယ်ရီလုပ်သားများနှင့် မြို့နေပြည်သူ အခြေခံ လူတန်းစားများ ဝယ်ယူအားပေးစားသုံးခဲ့ကြသည်။

 

ရွှေအဏ္ဏဝါပရဟိတအဖွဲ့ အနေဖြင့် အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ အမြတ်အစွန်း ရရှိရေးအတွက် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ လှူဒါန်းကျွေးမွေးသည့် သဘောမျိုးဖြစ်သာဖြစ်ကြောင်း၊ အခြားရပ်ကွက်များသို့လည်း လှည့်လည်ရောင်းချပေးသွားရန် အစီအစဉ်ရှိကြောင်း၊ နေ့လည်စာအပြင် ညနေစာပါ ရောင်းချပေးမည့် အစီအမံများလည်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပရဟိတအဖွဲ့ တာဝန်ခံ ဦးခိုင်စိုး၏ ပြောပြချက်အရ သိရသည်။

 

ကျော်စိုး(ကော့သောင်း)