ဒီဇင်ဘာ ၉၊ ၂၀၂၁
ကျော်ကြားတဲ့ ဟောလိဝုဒ်မင်းသားတစ်ဦးဖြစ်သူ လီယိုနာဒိုဒီကာ ပရီယိုက မလီဘူးမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ သန်းနဲ့ လတ်တလောမှာ ရောင်းချခဲ့ပြီးဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
အဆိုပါနေအိမ်ဟာပင်လယ်ကိုမျက်နှာမူထားပြီး အော်စကာဆုရှင် မင်းသားက သူ့ရဲ့ နေအိမ်ကို ပေါက်ဈေးထက်ပိုမိုတဲ့တန်ဖိုးနဲ့ ရောင်းချခဲ့ ရတာလည်း ဖြစ်ပါတယ်။ ယင်းနေအိမ်ကို လီယိုနာဒိုဒီကာပရီယိုက ၁၉၉၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနဲ့ ဝယ်ယူခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်