ဝါးခယ်မ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ဝါးခယ်မမြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာပါသူ ဝန်ထမ်းများ အဆင်ပြေစွာ စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရန်နှင့် အသိပညာတိုးပွားနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများတွင် သုတ၊ ရသ စာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့် အပတ်စဉ် ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင်ကတ်ပြားများကိုလည်း အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောသန္တာဦး (ဝါးခယ်မ ပြန်/ဆက်)


