သီပေါ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အရှေ့မြောက်ဒေသ ဒုဋ္ဌဝတီမြစ်ရိုးတစ်လျှောက် နေထိုင်ကြသော စားနပ်ရိက္ခာ အခက်အခဲရှိသည့် တိုင်းရင်းသားသွေးချင်းများ စားနပ်ရိက္ခာ ဖူလုံရေးအတွက် မြို့နယ်အမျိုးသမီး ကွန်ရက်မှ ဦးဆောင်ကာ အလှူရှင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာပုလဲကျေးရွာအုပ်စုအတွင်း ရှိကျေးရွာများ၊ ဆွန်လုံ၊ တာပုလဲ၊ ဟာလင့် စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ၊ လိမ္မော်၊ ကမ္ဗလာခြံတောင်သူများကို မြို့နယ် အမျိုးသမီးရေးရာကွန်ရက်အဖွဲ့ တာဝန်ခံ ဒေါ်ခင်နှင်းဆီနှင့်အဖွဲ့က ဆန်၁၄၅ အိတ်၊ ဆီ ၄၃၅ ပိဿာ၊ ကုလားပဲ ၄၃၅ ပိဿာ၊ဆား ၂၁၇ ပိဿာနှင့် ငါးခြောက် ၂၁၇ ပိဿာတို့ကို အိမ်ထောင်စုလူဦးရေ အချိုးအစားအလိုက် ကူညီပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)