ပင်းတယ ဒီဇင်ဘာ ၁၀


ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတွင် ကျင်းပမည့် ယူ-၁၈ ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန ပင်းတယမြို့နယ်မှ အားကစားသမားများအား  လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က ဦးဆောင်၍ မြို့နယ်အားကစားကွင်း၌ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့မှ စတင်ကာ စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ  တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းမှာ ကျင်းပပြုလုပ်မည့် တာတို၊ တာလတ်၊ အခုန်၊ အပစ်နှင့် လမ်းလျှောက် ပြိုင်ပွဲအားလုံးတွင် ပင်းတယမြို့နယ် ဒေသခံ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲစုံတွင် ကျား(၈) ဦး၊ မ(၈) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပင်းတယမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မှသိရသည်။


ပင်းတယ (ဒေသပြန်/ဆက်)