သဲကုန်း ဒီဇင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒီဇင်ဘာ ၉ ရက် နံနက် ပိုင်းက သဲကုန်းမြို့ရှိ ကုန်စုံဆိုင်များတွင်  ကုန်စည်များကို သင့်တော်သောစျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ကုန်စည်များကို ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စားသုံးသူများ၏ ဘေးကင်းလုံခြုံမှုရရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူလူထုအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်ပစ္စည်းများ ရောင်းချနိုင် ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရသည်။

 ချစ်နှင်းသုန်