ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့မဈေးတွင် ဈေးရောင်း ဈေးဝယ်သူများအနေ ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှသတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါမြို့မဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဇော်ဟိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင် နှင့် ဌာနဆိုင်ရာများ၊ ဈေးကော်မတီများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Maskများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)


