တာချီလိတ်  ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ မွန်းလွဲပိုင်းအထိ ဈေးများ၊ ဈေးဆိုင်များနှင့် လမ်းများတွင် လူအများပုံမှန်စည်ကား လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။

“သူတို့ပြောတဲ့ အသံတိတ်သပိတ်ဆိုတဲ့အပေါ်မှာ ပြည်သူက စိတ်မဝင်စားပါဘူး။ ပုံမှန်လှုပ်ရှားသွားလာ စည်ကားနေတာ တွေ့တဲ့အတိုင်းပဲလေ” ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

တာချီလိတ်မြို့ရှိ ဒေသခံအများစုသည် ယနေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ ဈေးများ၊ ဈေးဆိုင်များပိတ်ခြင်း နှင့်အပြင်ထွက်သွားလာခြင်းများ မပြုလုပ်ကြရန် အကြမ်းဖက်အဖွဲ့အစည်းများက စည်းရုံးလှုံ့ဆော်ထားသည့် အစိုးရဆန့်ကျင်ရေး အသံတိတ်သပိတ် (Silent Strike) ကို စိတ်ဝင်စားမှုမရှိဘဲ ပုံမှန်စည်ကားသွားလာနေ ကြခြင်းဖြစ်ကြောင်း သိရသည်။

ယာဆေး(တာချီလိတ်)