မအူပင် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ်၊ လူရွယ်များ အားကစားကို စိတ်ပါဝင်စားနိုင်စေရန်နှင့် အခြေခံအားကစားနည်းစနစ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မအူပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်က အားကစားလှုပ်ရှားမှုနှင့် ပတ်သတ်၍ အားကစားနည်းများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူများ အားကစား နည်းများတွင် အသုံးပြုနိုင်ရန် အားကစားအထောက်အကူပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားဆေး တစ်ပါး အစီအစဉ်ဖြင့် ကြံ့ခိုင်စွမ်းရည်လေ့ကျင့်သရုပ်ပြခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ခရိုင် ပြန်/ ဆက်


