ဇေယျာသီရိ ၊ ဒီဇင်ဘာ ၁၀
ဇေယျာသီရိမြို့နယ်တွင်အတွင်းရှိ ပြည်စံအောင်ဈေး၊ ရေဆင်းဈေးနှင့် လက်ဖက်ရည်ဆိုင်များ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှစတင်ကာ ယခင်ရက်များအတိုင်း ဖွင့်လှစ်ရောင်း ချပေးလျက်ရှိရာ ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု နိုင်ငံနှင့်အဝှမ်း မြို့အများအပြားတွင် မြင့်တက်ဖြစ်ပေါ်ခဲ့ရာ လူသူအသွားအလာ များပြားစုဝေးရာ နေရာတစ်ချို့မှ ကူးစက်ဖြစ်ပွားမှုသည် အဆိုးရွားဆုံးအခြေ အနေတွင်ရှိသဖြင့် လူအများစုဝေးရာအများပြည်သူနှင့် သက်ဆိုင်သည့် နေရာတချို့အား ယာယီပိတ်သိမ်းထားခဲ့ရာမှ ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်သဖြင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဈေးများနှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ပေးထားရာ စျေးရောင်းစျေးဝယ်များဖြင့် စည်ကားလျက်ရှိသည်။
ယင်းသို့ ဖွင့်လှစ်ခွင့်ပြုပေးရာတွင် ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကိုမှု ပေါ့လျော့မှုမရှိစေရေးနှင့် တိကျစွာလိုက်နာကြရန် တာဝန်ရှိအဖွဲ့ အစည်းများက စဉ်ဆက်မပြတ် နှိုးဆော်အသိပေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


