ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ် (၂၀) ရပ်ကွက် စည်ပင်သာယာဈေးများ ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အောင်မင်္ဂလာစျေး၊ ပင်လုံစျေးတို့တွင် ဝယ်သူများ စည်ကားလျက်ရှိပြီး ဈေးဝယ်သူများအတွက် အသား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်နှင့် အခြား၀ယ်ယူလိုသည့်ပစ္စည်းများကို ည နေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့်အတွက် ပြည်သူများ အခက်အခဲမရှိ လွယ်ကူစွာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဝေဝေ(ပြန်/ဆက်)


