ဆီဆိုင်     ဒီဇင်ဘာ       ၁၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်း ကျဆင်းနေပြီဖြစ်သည့်အတွက် ဒီဇင်ဘာ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

ကျောင်းများသို့ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသား/ကျောင်းသူများအား ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်များ၌ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask များတပ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကျောင်းအတွင်းရှိ လက်ဆေးဘေစင်များတွင် လက်ဆေးစေခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ပေးသည်။

 

ဆီဆိုင်မြို့နယ်အတွင်း၌  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၂)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ(၁၅)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း (၂၅)ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၁၃၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၁၀) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂)ကျောင်းတို့တွင်  ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

မျိုးမြတ်(ဆီဆိုင်)