သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ၊ စျေးရောင်းချသူ စျေးလာရောက် ဝယ်ယူသူများဖြင့် ယနေ့ နံနက်ပိုင်းတွင်လည်း ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရီးသွားပြည်သူများ အဆင်ပြေစေရေးနှင့် ဝမ်းစာရေးအတွက် လှုပ်ရှားရုန်းကန်နေရသော အခြေခံ လူတန်းစားများ အဆင်ပြေစွာ မိမိလုပ်ငန်းဝင်ရောက်နိုင်ရေးအတွက် အခက်အခဲမရှိစေရန် အများပြည်သူသုံး YBS(ခရီးသည်တင်ယာဉ်)များလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျှက်ရှိပြီး ဈေးရောင်း ဈေးဝယ်လာ သောဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ သာသနာ့နွယ်ဝင်သီလရှင်များ ပုံမှန်အတိုင်းအေးချမ်းစွာ သွားလာလှုပ်ရှားလျက်ရှိနေပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ များကလည်း မိမိတို့၏ကျောင်းများသို့ သွားရောက်၍ အေးချမ်း ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း သက်ဆိုင်ရာရုံးများသို့ သွားရောက်၍ လုပ်ငန်းတာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အတွင်းရှိ အခြားသောရပ်ကွက်များတွင်လည်း ပုံမှန်အတိုင်းသွားလာနေထိုင် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)


