နမ့်ဆန်  ဒီဇင်ဘာ  ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက   ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာနှစ်ရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာလေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၀ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ‌ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်းသည်။

ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်က အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ နမ့်ဆန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်ထွေးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်း လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူကျေးရွာသား များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်နှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မန်မိုင်နှင့် ဟူးခင်ကျေးရွာနှစ်ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း ၃၀၀ စီအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုမိန်း၊ ကယားလမ်း၊ မန်လုံးနှင့် မန်ဝပ်ကျေးရွာလေးရွာတို့အား တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီအားလည်းကောင်း ကျေးရွာကော်မတီဝင် များထံသို့ ရန်ပုံငွေများ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။

စိုးမိုးကျော်