မင်းဘူး ဒီဇင်ဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ ဒေသခံပြည်သူစုစုပေါင်း (၆၀၀၀၀)ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ယခုလက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအနေဖြင့် အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသော မိဘပြည်သူများနှင့် ဈေးသူ/ဈေးသား များအား Phase-5 ပထမအကြိမ်အဖြစ် Sinopharm အမျိုးအစား ကာကွယ်ဆေးများကို မင်းဘူးမြို့၊ ချမ်းသာကြီးဘုရားဓမ္မာရုံတွင် လည်းကောင်း၊ အလားတူ Phase-3 ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအနေဖြင့်  သတ်မှတ်ဆေးထိုးစုရပ် များသို့ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း (၇၄၉၆၆)ဦးနှင့် နှစ်ကြိမ်ထိုးနှံပြီးသူ လူဦးရေးပေါင်း (၆၀၃၄၀)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီ၏ ကာကွယ်ဆေးထိုးမှတ်တမ်းများအရ သိရသည်။

မောင်မောင်(မင်းဘူး)