ပန်းတနော် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်းရေပြင် များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၀ ရက်က အင်းမသဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။
အဆိုပါ ငါးမျိုးများစိုက်ထည့်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အင်းမသဘာဝ မြစ်ချောင်းရေပြင်အတွင်းသို့ ငါးခုံးမကောင်ရေ ၂ သိန်း၊ ငါးမြစ်ချင်းကောင်ရေ ၁ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃ သိန်းတို့အား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ ဆက်)


