ရှမ်းရွာသစ် ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ် ကတ္တရာလမ်းမှ ထီးတပလူးကျေးရွာချင်းဆက် မြေသားလမ်း (၂)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ(ဒုတိယပတ်)မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါမြေသားလမ်း ဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာ သွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ လူမှုစီးပွားများစွာ တိုးတက်လာမည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုသည်လည်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)


