လှိုင်းဘွဲ  ဒီဇင်ဘာ  ၁၁

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားကစားနှင့်ပတ်သက်၍ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာရန်အတွက်  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဆောက်လုပ်သည့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံကို  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်၊ ပြည်ထောင်စုအစိုးရ(ငွေလုံးငွေရင်း) ရန်ပုံငွေ (၂၉၇ ဒသမ ၆ သန်း)ဖြင့် အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊ အမြင့်(၃၆)ပေရှိ မိုးလုံလေလုံအားကစားရုံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း အားကစားနှင့်က ာယပညာဦးစီးဌာနမှ သိရသည်။

စောဒိ(ပြန်/ဆက်)