မယ်စဲ့ ဒီဇင်ဘာ ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မယ်စဲ့မြို့အဝင် ရတနာရန်အောင်စေတီ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်း ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်၊ မြို့မစခန်းမှူး ဒုတိယရဲမှူးရဲမြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၁၀၀ ခန့်က ရတနာရန်အောင်စေတီတော်နှင့် စေတီတော်ရင်ပြင်အား ရေများဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စေတီတော်အတွင်းနှင့်အပြင်ရှိ အမှိုက်သရိုက်များ၊ မြက်ပင် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ထွက်ရှိလာသောအမှိုက်များအား မီးရှို့ခြင်း စသည့်လုပ်ငန်းများကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


