လောင်းလုံး ဒီဇင်ဘာ ၁၁

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာ သုဿာန်ဇရပ်နှင့် အနီးတဝိုက်သို့ ဒီဇင်ဘာ ၉ ရက်က သတင်းအရ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ် ကျား ၃ ဦး၊ မ ၈ ဦး၊ ပေါင်း ၁၁ ဦးအား လက်နက်မျိုးစုံ ၁၁ လက်၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသောပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖမ်းဆီးရမိ အကြမ်းဖက်သမားများတွင် အသက်မပြည့်သေးသူကလေးသူငယ်များ ပါရှိနေသည့်အတွက် ကလေးငယ်များအား သွေးထိုးမြှောက်ပင့် ဝါဒမှိုင်းတိုက်၍ခိုင်းစေသူ NLD ၊ CRPH ၊ PDF အကြမ်းဖက် သမားများအား ပြည်သူများမှ ရွံမုန်းလျက်ရှိကြောင်း သတင်းရရှိသည်။