ကြံခင်း ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ရှိ အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော် မြို့ဦးဘုရားပရိဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ကြပြီး ဘုရားရင်ပြင်တွင် တံမြက်စည်းလှည်းခြင်း၊ ပေါင်းမြက်များ ခုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် ဖြတ်ခြင်း၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


