တာချီလိတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ ပြန်လည်လွှဲပြောင်းသည့် မြန်မာအလုပ်သမား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၇ ဦးကို ဒီဇင်ဘာ ၁၀ ရက်တွင် တာဝန်ရှိများက လက်ခံခဲ့သည်။
အဆိုပါ နေရပ်ပြန် မြန်မာအလုပ်သမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင် များက လက်ခံခဲ့ပြီး ဝမ်လုံး Quarantine Centre သို့ ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် သုံးရက်မြောက်နေ့တွင် ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်ကို ထပ်မံရယူ၍ တောင်ကြီးမြို့သို့ ပို့ဆောင်စစ်ဆေးကာ ကိုဗစ်- ၁၉ ရောဂါပိုး ကင်းစင်သူများကို ၎င်းတို့၏နေရပ်အသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


