အင်္ဂပူ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့တွင် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြို့သန့်ရှင်း သာယာရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို ဇေယျသုခ ဘုန်းကြီးကျောင်းရှေ့မှ ဟင်္သာတ-မြန်အောင် ကားလမ်းတစ်လျှောက် ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ ဦးနေမျိုးလင်းနှင့် ဝန်ထမ်းများ စုပေါင်းပြီး မြို့သန့်ရှင်း သာယာရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


