မိုးမိတ်   ဒီဇင်ဘာ   ၁၁

မိုးမိတ်ခရိုင်၊ မိုးမတ်မြို့နယ်တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်များက ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ သွားလာရခက်ခဲသော တောင်ပေါ်ဒေသမှ ဒေသခံ တိုင်းရင်းသားများအား မြို့နယ်ဦးစီးမှူးရုံးတွင် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာတွင် အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စု လူဦးရေ စာရင်းများ ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးသူများအား အသစ်ပြန်လုပ်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မိုးမိတ်သား(ပြန်/ဆက်)