မုဒုံ   ဒီဇင်ဘာ   ၁၁

မွန်ပြည်နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေ ပြည်သူများကို ဒီဇင်ဘာ ၁၀ ရက်က အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ  အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများက  နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို အသစ်ပြုလုပ်ပေးခြင်း၊ ၃ (က) ခြောက်ဦး၊ ၆ (က) ၂၆ ဦး၊ လဲလှယ် ၄၁ ဦး၊ မိတ္တူ ၂၅ ဦး စုစုပေါင်း ၉၈ ဦးနှင့်  အိမ်ထောင်စု လူဦးရေစာရင်း ၉၅ စုကို စိစစ်ပေးခြင်း၊ သေဆုံးပယ်ဖျက် ၁၈ ဦး၊ ကြိုတင်မှ နိုင်ပြောင်း ၂၉ မှုတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)