မအူပင်   ဒီဇင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ရှိ ရွှေဘုန်းမြင့်ဘုရား ပုရိဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြပြီး ဘုရားရင်ပြင် ပတ်လည်ရှိ အမှိုက်များအား တံမြက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်ကြပြီး ရေဖြင့်ဆေးကြောခြင်း၊ အရံစေတီတော်များအား ရောင်တော်ဖွင့်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)