ကျောက်မဲ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ၇ ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး (နောက်ကျောဘက်)အား ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က အမည်မသိ လူတစ်စုက လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖေက်ခွဲခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ပစ်ခတ်ဖောက်ခွဲမှုကြောင့် ပညာရေးမှူးရုံး နောက်ကျောဘက်ရှိ ပြတင်းတံခါးမှန်အချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။ ယင်းလက်လုပ်မိုင်းဖြင့် လာရောက် ပစ်ခတ်သူများအား ဖမ်းဆီးရရှိနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


