ရန်ကုန် ဒီဇင်ဘာ ၁၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းအမှတ် (၃၅၁၊ ၃၆၁)ရှိ ယခင်မြန်မာ့မီးရထား ရုံးချုပ်ဟောင်းမြေနေရာရှိ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်၌ အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု)က ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် မြေထိန်းနံရံ တည်ဆောက်ရေးအတွက် အဆောက်အအုံဟောင်းအောက်တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြေအောက်ရေမြောင်း လမ်းကြောင်း ရှင်းလင်းတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဆူးလေဘုရားပတ်ဝန်းကျင်နှင့် မြို့တော်ခန်းမတွင် အသစ်တည်ဆောက်နေသည့် ရေစုကန်တို့မှ ရေများစီးဆင်းသည့် မြေအောက် ရေမြောင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေစုကန်များ ကြံ့ခိုင်ရေးနှင့် ပန်းခြံစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများကိုလည်းကောင်း၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ရန်ကုန်မြို့ တော်ခန်းမအတွင်း  ရေဂါလံ ()သိန်းဆန့် ရေစုကန် RC Ground Tank တည်ဆောက်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်သည် ရန်ကုန်မြို့တော်ခန်းမ အစည်းအဝေးခန်းမ ()၌ ကျင်းပသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ လုပ်ငန်းခွင်ဘေးအန္တရာယ်များတွင် မသမာသူများက နှောင့်ယှက်ဖျက်ဆီးမှုများလည်း ပါဝင်ကြောင်း၊ လုပ်ငန်းခွင်နှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အပတ်စဉ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီဝင် ဦးအောင်နိုင်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ရှင်းလင်းဆွေးနွေးပြီး မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)