မင်းဘူး ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကျောက်ပယ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် အင်ဂျင်နီယာများက ဒီဇင်ဘာ ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၁၂ ဒသမ ၅ သန်းဖြင့် Dear Brain ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးပါက ကျောက်ပယ်ကျေးရွာရှိ လူဦးရေ ၃၁၀ အတွက် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်မှ သိရသည်။
အထွေး


