လန်ဒန် ဒီဇင်ဘာ ၁၃
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် နိုင်ငံအတွင်းချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်က ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် ပါတီပွဲတစ်ခုအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ တရားမဝင်ကျင်းပခဲ့မှု နှင့်ပတ်သက်၍ ၎င်းအား လက်ရှိအချိန်၌ အဆက်မပြတ် ဝေဖန်မှုများရှိနေပြီး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။ ။
သို့ရာတွင် မိမိသည် အဆိုပါ ပါတီပွဲအား လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များနှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့သည်။
သို့ရာတွင် ဝန်ကြီးချုပ်ဂျွန်ဆင်သည် အဆိုပါ ပါတီပွဲမကျင်းပမီ ၎င်း၏ဝန်ထမ်းများအတွက် လူခြောက်ဦး ပါဝင်သော အဖွဲ့လေးဖွဲ့ဖြင့် ညဏ်စမ်းပဟေဠိပြိုင်ပွဲ တစ်ခုကျင်းပခဲ့ကြောင်း ဆန်းဒေးမိုင်ရာ သတင်းစာက ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။
ယမန်နှစ် အဆိုပါအချိန်က ဗြိတိန်နိုင်ငံအတွင်း ဒယ်လ်တာဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ပါတီပွဲများနှင့် အခမ်းအနားများအား ကျင်းပခွင့်ပိတ်ပင်ထားကြောင်း သိရသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - စိုးသူရ