ကြံခင်း ဒီဇင်ဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီက အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း) စက်ရုံမှူး ဦးဝင်းနိုင်မှ စက်ရုံတည်ဆောက်ခဲ့ပုံ သမိုင်းအကျဉ်းနှင့် စက်ရုံတည်ဆောက်ပုံ အဆင့်ဆင့်၊ ရင်းနှီးမြှုပ်နှံမှု၊ ဘိလပ်မြေထုတ်လုပ်ခဲ့ပုံ၊ စွမ်းအင်သုံးစွဲမှု၊ ဝန်ထမ်းအင်အားနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ စက်ရပ်နားခဲ့ရသည့်အခြေအနေ၊ ပုဂ္ဂလိကကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး စက်ရုံအဆင့်မြှင့်တင်ပြီး ပြန်လည်တည်ဆောက်မည့် အခြေအနေများ၊ တင်ဒါအောင်မြင်သော Asia Square Power Group Co,Ltd နှင့် သဘောတူစာလွှာ(AoD) စာချုပ်ချုပ်မည့် အခြေအနေများကိုလည်းကောင်း၊ Asia Square Power Group Co., Ltd မှ ဥက္ကဋ္ဌ၊ ဘိလပ်မြေထုတ်လုပ်မှု နည်းပညာရှင် ဦးတင်ဝင်းအောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမမှတို့က လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)  စက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ စက်ရုံကြီးပြီးစီးချိန်တွင် တစ်ရက်လျှင် ဘိလပ်မြေထုတ်လုပ်မှု တန်(၃၀၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)