လေးမျက်နှာ ဒီဇင်ဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် ထူပါရုံဘုရား မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ်းစားတာဝန်ခံ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လွင်မှ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း တည်ဆောက်နေမှုနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ထူပါရုံဘုရားဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)