ညောင်ဦး  ဒီဇင်ဘာ  ၁၃

           

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ မြေယာကိုင်းကျွန်း ဥယျာဉ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်ကြသည့် ကျေးလက်တောင်သူများ များပြားလာခဲ့ပြီး နှစ်ရှည်သီးနှံများ စိုက်ပျိုးမှုများပြားလာသည့် အပြင် ဈေးကွက်ဝင်သီးနှံများနှင့် ဈေးနှုန်းကောင်းရရှိနိုင်သည့် သီးနှံများကိုရွေးချယ်စိုက် ပျိုးသည့်တောင်သူများပြားလာကြောင်း ကျောက်ပန်းတောင်းမြို့နယ် ၊ မုန့်ကုန်းကျေးရွာ နွယ်ခရမ်းချဉ် စိုက်ပျိုးတောင်သူ ဦးတင်မျိုးထွန်းက ရှင်းပြသည်။

           

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ တောင်ဖက်တန်းကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ သူကောင်းတည်ကျေးရွာနှင့် အောက်ညဉ့်ကျေးရွာများရှိ ကျေးလက်တောင်သူများ၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်းကျေးရွာရှ ိကျေးလက်တောင်သူများသည် ဈေးကွက်ဝင်နွယ်ခရမ်းချဉ်များ စိုက်ပျိုးမှု များပြားလာကြောင်း သိရသည်။

နှစ်စဉ် စိုက်ပျိုးချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် ခရမ်းချဉ်မျိုးများကို ပျိုးထောင်ကြပြီး မြေအောက်ရေသွင်းပြီး ခရမ်းချဉ်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျေးရွာများသည် ခရမ်းချဉ်စိုက်ပျိုးခြင်းအား ဝင်ငွေတိုးလုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုးရေး  လုပ်ကိုင်ကြပြီး စိုက်ပျိုးစချိန်တွင်မှာပင် မြေပြုပြင်ခြင်း၊ ရေသွင်းဘောင်ပြုလုပ်ခြင်းနှင့် ရေသွင်းခြင်းများပြုလုပ်ကြရာ နှစ်လအကြာတွင် အပွင့်လိုက်လာပြီး စတင်အသီးသီးလာကြောင်း၊ အပွင့်တင်‌ဆေးနှင့် အသီးတင်ဆေးများ ပက်ဖျန်းပေးရပြီး  စိုက်ပျိုးပြီး သုံးလအကြာတွင် အသီးများ စတင်ခူးဆွတ်ခူးရကြောင်း အပွင့်ချိန် အပွင့်နည်းအသီးနည်းသော်လည်း တစ်ပတ်၊ တစ်ပတ်ခွဲခန့်ကြာလျှင် အပွင့်ဖြိုင်ဖြိုင်ပွင့်၊ အသီးလှိုင်လှိုင်သီးလာကြောင်း နွယ်ခရမ်းချဉ်များ အထွက်နှုန်း ပိုမို တိုးတက်ပွင့်စေ၊ သီးစေရန် ဘောင်တင်စနစ်ဖြင့် တြိဂံပုံသဏ္ဍာန် တိုင်ထောင် ကြိုးတန်း ပေးခြင်းဖြင့် နွယ်ခရမ်းချဉ်များ အပင်မြင့်မြင့်တက်ပြီး လေရ၊နေရဖြစ်ကာပိုမို အထွက်နှုန်းကောင်းမွန်းလာပြီး စိုက်ပျိုးသည့်တောင်သူများလည်း များပြားလာခဲ့ကြောင်း ခရမ်းချဉ်သီး ဆွတ်ခူးရောင်းချချိန် ဈေးနှုန်းကောင်းရန် မျှော်လင့်နေကြပြီး ယခုဈေးနှုန်းအတိုင်း ရောင်းချရပါက တောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်း ပိုမိုရရှိနိုင်ကြောင်း သိရသည်။

                                                                       

ကိုထိန်၊KPD