ညောင်လေးပင် ဒီဇင်ဘာ ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲက နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးခြင်း အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦစီးဌာန၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြို့နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးစိုးနိုင်က ယူရီးယားဓာတ်မြေဩဇာအား အကျိုးရှိစွာ သုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စု ၃၄ စုမှ တောင်သူများအား ပထမအကြိမ်အဖြစ် ယူရီးယားဓာတ်မြေဩဇာ ၂၅ အိတ်ကို တစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀  နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်