ကြံခင်း ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ဘက်ရဲမြို့ သစ်ထုတ်လုပ်ရေးစခန်းနှင့် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းများတွင် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးသရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးဘေးကြိုတင် ကာကွယ်ရမည့် အချက်များအားလည်းကောင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခန့်သူဗိုလ်က မီးဘေးအန္တရာယ်၊ မီးလောင်မှုဖြစ်ပွားတတ်သော အချက်များကိုလည်းကောင်း အသိပညာပေးရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် မီးဘေးလုံခြုံရေး သရုပ်ပြရာ ဘက်ရဲမြို့ သစ်ထုတ်လုပ်ရေး စခန်းနှင့် မျှင်ဝါးတောင် သစ်ထုတ်လုပ်ရေးစခန်းများရှိ ဝန်ထမ်းများနှင့် မိသားစုများအား ဆီမီး(DCP)မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နည်းများကို သရုပ်ပြလေ့ကျင့်ပေးခဲ့ ကြောင်း၊ သစ်ထုတ်လုပ်ရေးစခန်းများရှိ အရန်မီးသတ်များအား ရေသယ်ယာဉ်မှ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်နည်းများကို တာဝန်ရှိသူများက သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


