မအူပင် ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများနေ့စဉ်စားသုံးကြသည့် ငါးမျိုးမပြုန်းတီးစေရန်နှင့် ငါးသယံဇာတ တိုးပွားစေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုနှင့် ငါးမျိုးစိုက်ထည့်ခြင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၈ နာရီက ဆောင်ရွက်သည်။
ငါးမျိုးစိုက်ထည့်ခြင်းကို မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြပြီး တလုပ်လှငါးသားဖောက်စခန်းတာဝန်ခံ ဒေါ်အေးအေးမင်းထံက ငါးခုံးမ (၃) သိန်း၊ အောင်ဟိတ် ငါးသားဖောက်စခန်းတာဝန်ခံ ဦးအောင်မြင့်မိုးထံက ငါးမြစ်ချင်း (၁)သိန်း၊ ငါးခုံးမ (၂)သိန်း၊ စုစုပေါင်း အကောင်ရေ (၆)သိန်းအား တလုပ်လှကျေးရွာအုပ်စု၊ မအူပင်တံတားအနီး မွေးရေဆိပ်ကမ်းဘေး တိုးမြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)


