တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (The General Administration of Customs of China - GACC) မှထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံသည် GACC တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများမှ စားသောက်ကုန်များကိုသာ (၁-၁-၂၀၂၂) ရက်နေ့မှစတင်၍ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော တင်ပို့လိုသော မြန်မာနိုင်ငံမှပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ (GACC) တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်းအဖွဲ့များမှတစ်ဆင့်လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက်လည်းကောင်း ကုန်စည်အုပ်စုအလိုက် ဆက်သွယ်လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Authority) များမှတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါ လုပ်ငန်းများမှတ်ပုံတင်ခြင်းကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် (၃၁-၁၂-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန် ကျန်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အချိန်မီမှတ်ပုံတင်နိုင်ရေးအတွက် ကုန်ပစ္စည်း အမျိုးအစားအလိုက် ဖော်ပြပါဇယားအတိုင်း သက်ဆိုင်ရာ (Competent Authority) များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးရန် လိုအပ်သော ကုန်စည်အမျိုးအစား ၅၂ မျိုး စာရင်းအား အသေးစိတ်သိရှိလိုပါက https://mitc.myantrade.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပေးအပ်ပါသည်။ ။


