စလင်း ဒီဇင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကံကုန်းလေးကျေးရွာ ကုန်ထုတ်လမ်းအား ကျေးလက်ဒေသများရှိ ထွက်ကုန်များ ရာသီမရွေး ဈေးကွက်သို့အချိန်မီ သယ်ပို့နိုင်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁၆ သန်းဖြင့် Shwe Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါကုန်ထုတ်လမ်းမှာ စလင်းမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ကံကုန်းလေးကျေးရွာနှင့် လယ်သာကျေးရွာများမှ လယ်ကွင်းများဆီသို့ ဆက်သွယ်နေသောလမ်းဖြစ်ပြီး လမ်းအရှည် (၁)မိုင် (၁)ဖာလုံ၊ မြေနီကျောက်စရစ် (၉)လက်မနှင့် (၁၀)ပေအကျယ်ဖြစ်ပြီး ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက လယ်ယာဧက ၈၀၀ မှ ထွက်ရှိသော သီးနှံများကို ရာသီမရွေး အဆင်ပြေလွယ်ကူစွာ စျေးကွက်သို့ အချိန်မီ တင်ပို့နိုင်မည်ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့တော့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ ကျေးလက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ဒေသလိုအပ်ချက်အလိုက် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘတ်ဂျက်တွင် စလင်းမြို့နယ်အတွင်း မူလရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း (၂)လမ်း၊ Box Culvert (၆)စင်းတို့ကို တင်ဒါစနစ်နဲ့ ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးပါက လယ်ဧက (၁၃၀၀)ကျော်မှ ထွက်ရှိသော သီးနှံများ ရာသီမရွေး သယ်ပို့နိုင်မှာဖြစ်ပါတယ်” ဟု စလင်းမြို့နယ် ဦးစီးမှူး ဦးစိုးခိုင်က ပြောသည်။

 

အထွေး